Tor ကတော့ ထူးခြားမှုအနည်းငယ်ရှိတဲ့ proxy client တစ်ခုပါ။ ကိုယ့်ရဲ့ လမ်းကြောင်းကို Proxy Server တစ်ခုတည်းကနေ ဖြတ်ပေးတဲ့အစား Proxy Server သုံးခုကနေ ဖြတ်ပေးပါတယ်။ Proxy Server ၃ ခုကိုဖြတ်ရသောကြောင့် အနည်းငယ်နှေးသွားပေမယ့် အသုံးပြုတဲ့လူတွေအတွက် ပို၍လျှို့ဝှက်မှု ဖြစ်အောင် အာမခံချက်အပြည့်ရှိပါတယ်။ Tor Serverတွေ ကို ကမ္ဘာရဲ့နေရာအနှံ့အပြားက လူတွေအသီးသီး run နေတာကြောင့် Server တခုက ကိုယ့်ရဲ့ IP address ကိုသိပေမယ့် ကိုယ် ဘယ် website ကိုကြည့်မှန်းမသိနိုင်ပါဘူး။ တခြားတဘက်က server အနေနဲ့လည်း ဘယ် website ကိုသွားနေတယ်ဆိုပေမယ့် ip address ကိုမသိနိုင်ပါ။
Proxy Clients တွေထဲကမှ Tor ရဲ့ ထူးခြးချက်တစ်ခုကတော့ "TorBrowser" လို့ခေါ်တဲ့ USB stick ကနေတိုက်ရိုက်သုံးလို့ရတဲ့ နည်းလမ်းပါပဲ။ Cybercafe တွေမှာ install လုပ်စရာမလိုပဲ stick ကနေ တိုက်ရိုက်သုံးလို့ရနိုင်ပါတယ်။


