docs at:
http://psiphon.ca/guides.html
Psiphon ရဲ့ တခြား browser proxy တွေထက် ပိုမိုသာလွန်တဲ့အချက်ကတော့ သူ့ရဲ့ လိပ်စာ (URL) ကို အစိုးရဆင်ဆာအဖွဲ့အနေနဲ့ ဖော်ထုတ်နိုင်ဖို့ မလွယ်ကူဘူးဆိုတဲ့ အချက်ပါပဲ။
သင့်ကို proxy server ထောင်ပေးမယ့် သူငယ်ချင်းအနေနဲ့ ဒီနေရာ နဲ့ psiphon website မှတဆင့် ဒေါင်းလုပ်ချနိုင်ပါတယ်။ Install လုပ်ပုံလုပ်နည်းတွေကိုလည်း ပြည့်ပြည့်စုံစုံဖော်ပြပေးထားပါတယ်။ အကယ်၍ install လုပ်တုန်း အခက်အခဲတစုံတရာ ကြုံတွေ့ပါက အောက်မှာဖော်ပြထားတဲ့ လိပ်စာမှတဆင့် နည်းပညာပိုင်းအကူအညီတွေကို ချက်ချင်းရယူနိုင်ပါတယ်။
သင့်သူငယ်ချင်းအနေနဲ့ psiphon ကို install လုပ်ပြီးပြီဆိုတာနဲ့ အသုံးပြုမယ့်သူ တစ်ယောက်ချင်းဆီအတွက် login နဲ့ password တွေကို ပြုလုပ်ပေးပြီး proxy ရဲ့ လိပ်စာနဲ့ login & password တွေကိုအကြောင်းကြားရမှာဖြစ်ပါတယ်။ ထို့မှသာ proxy server ကိုအသုံးပြုနိုင်ပါလိမ့်မယ်။ ကြိုက်တဲ့ browser ကနေ အတားအစီးမရှိတဲ့အင်တာနက်ကို သုံးလို့ရပါပြီ။
အခုအချိန်မှာ pisphon က second-generation version ကိုထုတ်လုပ်ဖို့ကြိုးစားနေပြီး အဲ့ဒီ့ version မှာတော့ သူငယ်ချင်းကို install လုပ်ခိုင်းစရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 2008 နောက်ပိုင်းလောက်မှာမှ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
psiphon က CGI proxy ဖြစ်တဲ့အတွက်၊ တချို့ အကြောင်းအရာတွေ (ဥပမာ-Flash) တို့ကိုကောင်းစွာကြည့်လို့ရမှာမဟုတ်ပါဘူး။ တကယ်လို့ အဲ့ဒီ့လိုမျိုး content တွေကို အသုံးပြုချင်တယ်ဆိုရင် proxy client တစ်ခုတော့ လိုအပ်ပါတယ်။
psiphon အစား Circumventor ကိုလည်းသုံးလို့ရပါတယ်။ install လုပ်ပီး သုံးရတဲ့ ကိုယ်ပိုင် proxy server အမျိုးအစားပါပဲ။ ဒါပေမယ့်လည်း pisphon ထက်တော့ သုံးရတာ ခက်ခဲပါတယ်။ login လုပ်စရာတော့မလိုအပ်ပါဘူး။


